အိမ်ခြံမြေ ပါမစ်အတုနဲ့ လာရောင်းတာ ကြုံရ

Kumudra 12 Jun 2019

အိမ်ခြံမြေ ပါမစ်အတုနဲ့ လာရောင်းတာ ကြုံရ

ရန်ကုန်၊    မေ   ၂၂ -အိမ်ခြံမြေအရောင်း အဝယ်ဈေး ကွက်    မှာ     ပါမစ်အတု တွေနဲ့    လာ ရောင်းတာမျိုး      ကြုံ တွေ့ နေရ တယ်လို့     ဒဂုံ လေးမြို့ နယ်   အိမ်ခြံမြေ အကျိုးဆောင် တွေ ဆီက       သိရပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်မှာ    မြေ ကွက်တွေဝယ်ယူပြီး      လူမနေ ထိုင် သေးတာတွေ၊    ဈေးကွက်ကောင်း ချိန်က     ဝယ်ယူထား တဲ့    မြေကွက် တွေရှိနေပြီးတချို့လူ တွေက    မြေ ကွက် တွေကို     အ ကြောင်းပြ ကာ    ပါ မစ် အတုတွေ နဲ့     ရောင်းချမှုတွေ     ကြုံနေရပါ တယ်လို့     ဒဂုံဆိပ်ကမ်း မြို့နယ်   အ ကျိုးဆောင် မညွန့်က ပြောပါတယ်။

သူက “အရောင်းအဝယ်က လဲ     သိပ်မကောင်းတော့    အလိမ်အ ညာတွေ  ပေါလာတယ်၊ဈေး ကွက်  မကောင်းတော့     အကျိုး ဆောင် တွေ လဲ     အရောင်းအ ဝယ်ဖြစ်ဖို့       ဆု တောင်းနေရတယ်၊      တစ်လကို နှစ်ခါ လောက်    ဖြစ်ဖို့ တောင်      မ လွယ်ကူပါဘူး”လို့     ပြောပါတယ်။

လက်ရှိအရောင်းအဝယ် ဈေး ကွက်မှာ     သိန်း ၂၀၊၂၅သိန်း  မြေ ကွက်တွေသာအဝယ်ရှိပြီး     တစ် လ အ တွင်း  နှစ်ကွက်လောက်သာ   အရောင်းအဝယ်  ရှိနေပါတယ်။ ပေ(၄၀၅၆၀)ပါမစ်မြေတွေရဲ့     လက် ရှိ ပေါက်ဈေး     မှာ    လမ်းမ ကြီး  မေးတင်ဈေးနှုန်းက      သိန်း ၄၀/ ၅၀ သာရှိပြီး     လမ်းသွယ်တွေ      ဆိုရင်    သိန်း ၂၀၊၂၅သိန်းသာ ပေါက်ဈေး ရှိပါတယ်။

Posted By  : Seint Yupar Zaw (www.findpropertymm.com)

Ref & Photo Credit  : kumudra May 22 2019