မိုးရာသီအိမ်ပြင်ဆင်သူများလို့ အိမ်ဆောက်ပစ္စည်းတချို့ ဈေးတက်

Kumudra 12 Jun 2019

မိုးရာသီအိမ်ပြင်ဆင်သူများလို့     အိမ်ဆောက်ပစ္စည်းတချို့  ဈေးတက်

ရန်ကုန်၊   မေ   ၂၀  -   အခုရက်ပိုင်း  အိမ် ဆောက် ပစ္စည်းတချို့ဈေးတက်နေ  ပြီး  ဈေးကွက်မှာတော့     အရင်နှစ်က  ထက်   တိုးတက်ပြောင်းလဲလာခဲ့  တယ်လို့     အိမ်ဆောက်ပစ္စည်း  ရောင်းဝယ်ရေးဆိုင်တွေက   သိရပါတယ်။

အိမ်ဆောက်ပစ္စည်း   အ ရောင်းအဝယ်ဈေးကွက်မှာ     မိုးရာ  သီနီးတာကြောင့်   အိမ်ပြင်ဆင်သူ  တွေလည်း   ဝယ်ယူသူရှိပြီး  ကိုယ်  ပိုင် ဆောက်လုပ်တာတွေ၊  ကန်ထ  ရိုက်ဆောက်တာတွေ  မတ်လ လောက် ကစပြီး   အရောင်းအဝယ်   အနည်းငယ်ပြန်   ကောင်းလာခဲ့ပါ တယ်။   ယခင်နှစ်ကထက်စာ ရင်     ယခုနှစ်ပိုင်းမှာ      အရောင်းအ ဝယ် က   ၅၀  ရာခိုင်နှုန်းကနေ   ၇၅   ရာ ခိုင် နှုန်းလောက်အထိ   အရောင်း   အ ဝယ်   ပြန်ကောင်းလာခဲ့ပါတယ်။

“အရောင်းအဝယ်ပိုင်းက   ဒီအ  ချိန်တွေဆိုအရောင်းအဝယ်ကောင်း တဲ့  ကာလပဲဖြစ်ပါတယ်၊  မနှစ်က ဆို   ဈေးဦးမပေါက်တာတောင်ရှိခဲ့   တယ်၊  ဒီနှစ်ပိုင်းမှာတော့   အရင်နှစ်  ကထက်   ၂၅  ရာခိုင်နှုန်းလောက်အ ထိ    တိုးလာခဲ့ပါတယ်”လို့    လဟိန်း မင်းတိုး     အုတ်သဲကျောက်ရောင်း ဝယ်ရေးဆိုင်မန်နေဂျာ  ကိုကျော်စိုး က       ပြောပါတယ်။

အရောင်းအဝယ်ပြန်ကောင်း လာတာနဲ့အတူဈေးနှုန်းတွေ   အနည်း ငယ်ပြန်တက်လာခဲ့ပါ တယ်။    ပစ္စည်းတွေအလိုက်  ဈေး နှုန်းတွေမှာ ကျပ်၂ဝဝ  ဈေးတက် တာတွေ၊  ကျပ် ၁ဝဝဝ  ဈေးတက် တာတွေ  ရှိနေပါတယ်။   ဘိလပ်မြေ  ဈေးဆိုပြီးခဲ့တဲ့လက ကြံ့ဘိလပ်မြေ  အယ်လ်ဖာဘိလပ်မြေ  ကျပ် ၂ဝဝ  လောက်တက်တယ်၊  ကျပ် ၆၄ဝဝ  လောက်ကနေကျပ် ၆၆ဝဝ လောက်  အထိ    တက်သွားတာပါ။

အုတ်ဈေးကလည်း     ၁၀၈ ကျပ်    ကနေ ၁၁၁ကျပ်လောက်အထိ တက်ပြီး    သဲဈေးနှုန်းလည်း   တစ် ကျင်းကို   ကျပ်  ၈ဝဝဝ  ကနေ   ကျပ်  ၁၀,ဝဝဝ လောက်အထိ   ဈေးတက်  ခဲ့ပါတယ်။

“ကျွန်တော်တို့ဘိလပ်မြေ   ပစ္စည်းမှာတဲ့အခါ     ပစ္စည်းလုံ လုံလောက်လောက်   မရခဲ့တာတွေ  ရှိတယ်၊  မီးပြတ်တာတွေကြောင့် ဘိလပ်မြေစက်ရုံတွေ   ပုံမှန်မလည်  ပတ်နိုင်ဘူးလို့  ကြားတယ်၊    ကိုယ် စားလှယ်ဆီက    ယူရောင်းတာ ကြောင့်  အခုရက်ပိုင်း    ပစ္စည်းနည်း  တော့  မှာတာ ကြာတာတွေရှိတယ်”  လို့   လဟိန်းမင်းတိုး   အုတ်သဲ ကျောက်ရောင်း ဝယ်ရေးဆိုင် မန် နေဂျာ  ကိုကျော်စိုးကပြောပါတယ်။

ကျောက်ဈေးနှုန်းကတော့    အခု  ရက်ပိုင်း   အနည်းငယ်ပြန် ကျ နေပါ  တယ်။   ဈေးနှုန်းမှာ   ကျောက် တစ် ကျင်းကို   ကျပ် ၆၈,ဝဝဝ  ကနေ   ကျပ်  ၆၂,ဝဝဝ  အထိ  ဈေးကျသွား ပါတယ်။    အုတ်ဈေးနှုန်းကတော့   လက်ရှိမှာ     အုတ်ဖုတ်တဲ့ရာသီ  မဟုတ်တာကြောင့်     အုတ်အနည်း ငယ်  ရှားပါးပြီး ဈေးအနည်းငယ် တက် တဲ့  ကာလပါ။

အရောင်းအဝယ်ပိုင်းကတော့  ပုံမှန်မရှိဘဲ     ရောင်းရတဲ့နေ့တွေရှိ  သလိုမရောင်းဖြစ်တဲ့နေ့တွေလည်း ရှိနေပါတယ်။  မိုးတွင်းပိုင်းမှာတော့  အရောင်းအဝယ်က   ပါးတတ်ပါ တယ်။          

Posted By  : Seint Yupar Zaw (www.findpropertymm.com)

Ref & Photo Credit  : kumudra May 25 2019