ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီ မိတက်f(NYDC)မှ အကောင်အထည် ဖော်မည့် ရန်ကုန်အနောက်တောင်မြို့သစ် စီမံကိန်း(ရန်ကုန်မြို့သစ်)နှင့် ရန်ကုန်မြို့ ဟောင်းအကြား ရေအောက်ဥမင်လိုဏ် ခေါင်း ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး အ စိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ဇွန်လ ၃ ရက်ကပြုလုပ်သော ရန်ကုန်မြို့၏ အနာ ဂတ်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သွားမည့်Yangon Project Bank အကြောင်း ရှင်းလင်းသည့်အခမ်းအနားမှ သိရသည်။
ရန်ကုန်မြို့ဟောင်းနှင့် မြို့သစ်ကြား လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့ စေရန်အတွက် လှိုင်သာယာမြို့နယ်နှင့် ဒလမြို့နယ်တို့တွင် ၆ လမ်းသွား သံကူ ကွန်ကရစ်တံတား၊ ကြည့်မြင်တိုင်မြို့နယ် တွင် ကေဘယ်တံတား၊ အလုံမြို့နယ်သို့ ရေအောက်ဥမင်လိုဏ်ခေါင်းတည် ဆောက်၍ ဆက်သွယ်သွားလာနိုင်ရန်စီစဉ် ထားကြောင်း ယင်းအခမ်းအနားတွင်Video ဖြင့် ရှင်းပြခဲ့ခြင်းဖြစ်သည်။
ရန်ကုန်အနောက်တောင်မြို့သစ်စီမံ ကိန်းကို အကောင်အထည်ဖော်မည့် ရန် ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်(NYDC) မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ မြို့သစ်ကို စီး ပွားရေးမြို့တော်နှင့် လူနေထိုင်ရန်ကောင်း သည့် မြို့တော်ဖြစ်ရန် Road Map ရေး ဆွဲပြီး အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က မီဒီယာများအား ပြောကြားထားသည်။
အဆိုပါ အနောက်တောင်မြို့သစ်စီမံ ကိန်းကို အပိုင်းနှစ်ပိုင်းခွဲ၍ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ အပိုင်း(၁)တွင် ဧကနှစ်သောင်းကျော်ပါဝင်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ NYDC ကို ဖွဲ့ စည်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
Posted By : Seint Yupar Zaw (www.findpropertymm.com)
Ref & Photo Credit : kumudra June 12 2019