အမေရိကန်ဒေါ်လာ ၁၈၇ မီလျှံတန်ဖိုးရှိ စီမံကိန်းများကို ခင်းကျင်းပြသမည့် ပြခန်းဖွင့်လှစ်

Pyi Myanmar 01 Jul 2019

ရန်ကုန်မြို့တွင် ဆောင်ရွက်လျက်ရှိသော စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၇ မီလျှံတန်ဖိုးရှိ စီမံကိန်း များကို တစ်နေရာထဲတွင်ခင်းကျင်းပြသထားမည့် Mottama Development Group၏ အရောင်းပြခန်းကို ဇွန်လ ၂၉ရက်တွင် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ Mahar Land Centre ၌ ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

အဆိုပါ အဆောက်အဦ ပြခန်းသည် ရင်းနှီးမြုပ်နှံသူများနှင့် ဝယ်ယူရန်အလားအလာရှိသူများ အတွက် တမူထူးခြားသော ဗိသုကာလက်ရာဒီဇိုင်းများနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် အဆင့်မြင့်သံမဏိ အဆောက်အ ဦများအကြောင်းကို လေ့လာနိုင်သည့် အချက်အချာနေရာတစ်ခုဖြစ်ပြီး ၄င်းစီမံကိန်းများသည် ရန်ကုန်မြို့အား ဖွံ့ဖြိုးတိုးတက်သော မြို့တော်ကြီးဖြစ်လာစေရန် အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေက ရန်ကုန်မြို့ရဲ့လူနေမှုဘဝကို အဆင့်မြှင့်တင် ပေးနိုင်မှာပါ။ တစ်ချိန်တည်းမှာပဲ ဝယ်ယူသူတွေကို အရည်အသွေးပြည့်မီတဲ့ အဆောက်အ ဦစီမံကိန်းတွေနဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်ခြင်း ကနေ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖြစ်ပေါ်လာစေပြီး ကျွမ်းကျင်မှု အတတ်ပညာတွေနဲ့ လုပ်ခလစာတွေကို မြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနှင့် မြန်မာနိုင်ငံသားတွေအတွက် ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝတွေနဲ့ အခွင့်အလမ်း ကောင်းတွေကို ရရှိစေရန်အတွက် စီးပွားရေးကဏ္႑ ကိုလည်း မြှင့်တင်ပေးလိုပါတယ်” ဟု အောင်မြင်ကျော်ကြားလျက်ရှိသည့် စီးပွားရေးတွင် စွန့်ဦးတီထွင်သူ Mottama Development Group ၏ ဥက္ကဌ ဦးရန်ဟို က ပြောသည်။

ပြခန်းတွင် လာမည့်၂၀၂၀ပြည့်နှစ်၌ ပြီးစီးမည့်စီမံကိန်းများဖြစ်သော မြန်မာနိုင်ငံ၏ ပထမဆုံးအထပ်မြင့် သံမဏိအဆောက်အအုံဖြစ်သော M Tower ၊ ပထမဆုံးမြို့ပြင်လူနေမှုပုံစံ အပန်းဖြေကုန်တိုက် Terminal M၊ နိုင်ငံတကာအဆင့်မီ မြန်မာ့ငါးပြတိုက်၊ ခေတ်မီရုံးခန်းအဆောက်အအုံဖြစ်လာမည့် Habour Trade Tower၊ ရုံးခန်းနှင့် အိမ်ခန်းတွဲဖက်ပါ၀င်သည့် HL Tower များကို ပြသထားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဖွင့်ပွဲ တွင် Mottama Development သည် အဆောက်အဦများအား အထူးစီမံခန့်ခွဲသည့် နိုင်ငံတ ကာဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် Jones Lang LaSalle (JLL) နှင့် အဆောက်အဦ စီမံခန့်ခွဲရေး အကြံပေးခန့်အပ်မှု သဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Ref & Photo Credit : Pyi Myanmar 

Posted By : Thazin Hnin Htet (www.findpropertymm.com)