မန္တလေးစက်မှုဇုန်အတွင်းရှိ စက်ရုံများ (EMP Plan) များရေးဆွဲ တင်ပြရမည်

7Daydaily 05 Jul 2019

မန္တလေးစက်မှုဇုန်အတွင်းရှိ စက်ရုံများ (EMP Plan) များရေးဆွဲ တင်ပြရမည်

 

စက်မှုဇုန်အတွင်းရှိ စက်ရုံများတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေမည့်အရာများ ထိန်းချုပ်စေနိုင်ရန် စက်ရုံတစ်ခုချင်းစီအလိုက် ပတ်ဝန်း ကျင်စီမံခန့်ခွဲမှု အစီအစဉ် (EMP Plan) များရေးဆွဲ တင်ပြရမည်ဖြစ်ကြောင်း စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောသည်။

‘‘ရေဆိုးစွန့်ထုတ်မှု၊ မီးခိုးအ ငွေ့ထုတ်လွှင့်မှု၊ အနံ့အသက် ထွက်မှု၊ အသံဆူညံမှုစတဲ့ပတ် ဝန်းကျင်ကို ထိခိုက်စေတဲ့အချက် တွေ အကုန်ပါတာပေါ့။ အဲဒါတွေ ကို တိုင်းပြီးတော့ ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှု အစီအစဉ် (EMP Plan) ရေးဆွဲပြီးတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ညွှန်ကြားမှုဦးစီး ဌာနကို တင်ရမယ်။ ပြီးတော့မှ အဲ ဒီထဲက အစီအစဉ်တွေအတိုင်း စက်ရုံတွေဆက်ပြီး လုပ်ငန်းလည် ပတ်ရမှာပါ’’ ဟု ဦးမောင်မောင်ဦး ကပြောသည်။

မန္တလေးစက်မှုဇုန်အတွင်းရှိ စက်ရုံများအနက် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်ရေးဆွဲခြင်း ကို အရက်ချက်စက်ရုံများ၊ ဘိ လပ်မြေနှင့် ထုံးထုတ်လုပ်သည့် စက်ရုံများ၊ စားသောက်ကုန်စက် ရုံများ၊ သံရေကျို၊ သတ္တုရည်ကျို စက်ရုံများနှင့် သားရေစက်ရုံများ တွင်သာရေးဆွဲရန် မူလက လျာ ထားခဲ့သော်လည်း စက်ရုံအားလုံး ရေးဆွဲရမည်ဖြစ်ကြောင်း ညွှန်ကြားချက် ထွက်လာသဖြင့် အသေးစား လုပ်ငန်းအချို့ကလွဲ၍ စက်ရုံအားလုံး EMP Plan ရေးဆွဲ ရမည်ဖြစ်ကြောင်း ၎င်းကပြော သည်။

‘‘စက်ရုံတစ်ခုချင်းစီအလိုက် Plan တွေ ဆွဲရမှာပါ။ ပြီးတာနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီး ဌာနကို တိုက်ရိုက်ပို့ရမှာပါ။ဇူလိုင်လကုန်အပြီး ဆွဲဖို့တော့ ညွှန်ကြားထားပါတယ်’’ ဟု ဦးမောင်မောင်ဦးက ပြောသည်။

မန္တလေးစက်မှုဇုန်အတွင်း၌ မှတ်ပုံတင်ထားသည့် စက်မှုလုပ် ငန်း ၁,၂၀၀ ကျော်ရှိပြီး ရေဆိုးစွန့် ထုတ်သည့်စက်ရုံ ၇၆ ခုရှိကာ ရေ ဆိုးစွန့်ထုတ်မှု အများဆုံးသည် အရက်ချက် စက်ရုံများဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

 

Ref & Photo Credit : Myanmar Builder Guide &  7DayDaily

Posted By : Seint Yupar Zaw (www.findpropertymm.com)