မြေဝယ်သူတွေ စိစစ်ရမယ့် အချက်အလက် (၂၃) ချက်

Myanmar Builder Guide 08 Jul 2019

မြေဝယ်သူတွေ စိစစ်ရမယ့် အချက်အလက် (၂၃) ချက်

မြေဝယ်ယူရာမှာသိသင့်တဲ့ အချက်အလက်တချို့ရှိပြီး စိစစ်ရွေးချယ်နိုင်တဲ့ အချက် ၂၃ ချက် ရှိတယ်လို့ သိရပါတယ်။

အဲသည်အချက် (၂၃) ချက်ကတော့....

(၁) မြေကွက်တည်နေရာနဲ့အလားအလာ

(၂) မြေကွက်အမျိုးအစား

(၃) မြေကွက်တန်ဖိုးဈေးနှုန်း (ဆိုဈေးနဲ့ အလျှော့အတင်းအခြေအနေ)

(၄) မြေကွက်အကျယ်အဝန်း (နယ်နိမိတ်တိုင်းတာသတ်မှတ်တ့ဲ မြေပုံနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အမှန်တကယ်ရှိမရှိ လက်တွေ့တိုင်းကြည့်ရန် )

(၅) အမည်ပေါက်ပိုင်ရှင်ကိုယ်တိုင် ရောင်းချခြင်းဟုတ်မဟုတ်

(၆) ပိုင်ဆိုင်မှုအဆင့်ဆင့်နဲ့ သက်ဆိုင်တဲ့ စာချုပ် ၊ စာရွက်စာတမ်း အပြည့်အစုံမှုရှိမရှိ

(၇) ရောင်းသူဟာ အမှန်တကယ် ပိုင်ဆိုင်ခွင့် ၊ ရောင်းချခွင့်ရှိသူဟုတ်မဟုတ်

(၈)လိုအပ်ရင် အနည်းဆုံးလူနှစ်ဦးက လက်မှတ်ရေးထိုးပေးနိုင်ခြင်းရှိမရှိ

(၉) လိုအပ်ရင် ဝယ်ယူမယ့်အကြောင်းကို သတင်းစာမှာ ကြော်ငြာတာတွေ လက်ခံ ၊ လက်မခံ

(၁၀) လွှဲပြောင်း၊ ရောင်းချ ၊ ပေါင်နှံ ၊ စွန့်လွတ် ၊ လှူဒါန်း၊ အာမခံတင်သွင်းထားခြင်းရှိမရှိတို့ကို သိထားသင့်ပါတယ်။

ဒါ့အပြင် အောက်ပါအချက်တွေကလည်း အရေးကြီးပါတယ်နော်။

(၁၁) မြေကွက် အမှတ် ၊ အိမ်အမှတ်

(၁၂) မြေကွက်မျက်နှာပြုလုပ်ရာအရပ်

(၁၃) လမ်းပန်းဆက်သွယ်ရေးနဲ့ ကားဝင်နိုင်မှုအခြေအနေ

(၁၄) ရေဝပ် ၊ မဝပ်နဲ့ ရေဆင်းကောင်းမကောင်း

(၁၅) သဘာဝဘေးအန္တရာယ်ကြောင့် ပေါ်ပေါက်နိုင်တဲ့ အန္တရာယ်ရှိမရှိ (မြစ်ရေကြီးတာတွေ ၊ တာကိျုးရေလျှံတာတွေ ၊ ထူးကဲဒီရေမြှုပ်ခြင်း ၊ မြစ်ရေတိုက်စားတာတွေ ၊ ပတ်ဝန်းကျင် မီးဘေးအန္တရာယ်ရှိမရှိ )

(၁၆) လျှပ်စစ်မီးရှိမရှိ

(၁၇) ရေရှိမှုအခြေအနေ

(၁၈) အနီးပတ်ဝန်းကျင်အခြေအနေ

(၁၉) လမ်းမကြီး (ခရီးသည်တင်ဘတ်စ်ကားလိုင်း) က ဘယ်လောက်ကွာဝေးတယ်

(၂၀) မိမိလုပ်ကိုင်မယ့် လုပ်ငန်းနဲ့ ကိုက်ညီမှုရှိမရှိ

(၂၁) အနီးဆုံးဈေးနဲ့ အနီးဆုံးကျောင်းတွေ

(၂၂) သစ်ပင်နဲ့ စားပင်တွေ ပါဝင်မှု

(၂၃) ပြန်ရောင်းရန် အလွယ်တကူပြန်ရောင်းရနိုင် မရနိုင် စတဲ့ အချက်အလက်တွေကို စိစစ်ဝယ်ယူသင့်ပါတယ်။

 

Ref & Photo Credit : Myanmar Builder Guide 

Posted By : Seint Yupar Zaw (www.findpropertymm.com)